Special Skilled Worker

  • Home / Special Skilled Worker

နိုင်ငံခြားသားအလုပ်သင်ဗီဇာ

နိုင်ငံခြားသားအလုပ်သင်ဗီဇာဆိုသည်မှာ တိုးတက်ပြီးသော ဂျပန်နိုင်ငံမှလုပ်ငန်းနည်းပညာ၊ အတက်ပညာများကိုသင်ယူပြီး အမိနိုင်ငံတိုးတက်ဖွံဖြိုးရေးလုပ်ငန်းပိုင်းများတွင်ပြန်လည် ပါဝင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်။ အလုပ်သင်ယူလုပ်ကိုင်နိုင်သော အချိန်ကာလမှာ 3နှစ် မှ 5နှစ် အတွင်းဖြစ်ပါသည်။
(အသေးစိတ် : ဗီဇာအမျိုးစားတွင် အလုပ်သင်တန်းသား အမှတ် 1. ဗီဇာ အမှတ် 3 ဗီဇာ သက်တန်း 2နှစ် ပေါင်း 5နှစ်ဖြစ်သည်။)
( မှတ်ချက် : လုပ်ငန်းအမျိုးစားပေါ်မူတည်၍ ပထမ နှစ်ပြီးနောက် လုပ်ငန်းကျွမ်းကျင်မူ အရည်ချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရပါမည်။ အောင်မြင်သူ မှသာဗီဇာ သက်တန်းတိုး ခွင့်ရပါမည်။)



ဝင်ရောက်လုပ်ကိုင်နိုင်သော အလုပ်အမျိုးစား

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ တငါးသည်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို ပြုစု လုပ်ငန်း ၊ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ယက်ကန်း လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ တွင်းခုံလုပ်ငန်း ၊ သံထည်လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ ပုံနှိပ် လုပ်ငန်း၊ စာအုပ်ထုတ်လုပ် လုပ်ငန်း၊ ပလစတစ် လုပ်ငန်း၊ ဆေးသုတ် လုပ်ငန်း၊ ထုတ်ပိုးမူ လုပ်ငန်း၊ စက္ကူလုပ်ငန်း၊ ကတ်ထူပုံး ထုတ်လုပ် လုပ်ငန်း၊ သန့်ရှငါးရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်း အစရှိသော လုပ်ငန်း အမျိုးစား 76မျိုး • အလုပ်အမျိုးစား 135မျိုးတို့ဖြင့် သွားရောက် လုပ်ကိုင်နိုင်ပါသည်။



ဂျပန်နိုင်ငံသို့ အထက်ပါဗီဇာဖြင့်လာရောက်အလုပ် လုပ်ကိုင်နိုင်သော နိုင်ငံများ

မြန်မာ ၊ ထိုင်း ၊ India ၊ Indonesia ၊ Uzbekistan ၊ Cambodia ၊ Vietnam ၊ Laos ၊ China ၊ Sri Lanka ၊ Nepal ၊ Philippines ၊ Peru ၊ Mongolia ၊ Bangladesh အစရှိသော 15နိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိပါသည်။




Phyu San အေဂျင်စီမှသတိပြုချက်

ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်နေရာမှ အလုပ်မှထွက်ပြေးခြင်းကိစ္စရပ်ကို အထူးပင်ရူပ်ချပါသည်။ ကိုယ်မှတပါး အခြားသော မြန်မာလူငယ်များ၏ အလုပ်ကိုင်အခွင့်လမ်းကို များစွာပင် အနှောက်ရှပ်ပြုရာရောက်ပါသည်။ ထို့ကြောင့် မိတ်ဆက်ပေးသည့်အလုပ်၏အကြောင်းရာနှင့် လုပ်အားခ လစာများကိုသေချာ နားလည်းသဘောပေါက်ပြီး၊ကျေနပ်မူရှိမှသာ ထိုအလုပ်ကိုဝင်ရောက်လျောက်ထားမူကို အကြံပြုပါသည်။

အလုပ်လျောက်ထားပုံ အဆင့်ဆင့်

အထူးအလုပ်သင် သင်တန်းသားဗီဇာ

အထူးအလုပ်သင် ဗီဇာဆိုသည်မှာ ဂျပန်နိုင်ငံရှိ အလယ်လတ်တန်း နှင့် အသေးစား လုပ်ငန်းများတွင် အလုပ်သမား မလုံလောက်မူ အခက်ခဲဖြင့် ကြုံကြိုက်နေသောကြောင့် ဖွံဖြိုးစဲနိုင်ငံမှ ကျွမ်းကျင်လုပ်သားများကို ခေါ်ယူပြီး သက်ဆိုင်ရာ လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်စေရန်ရည်ရွယ်ပါသည်။ အထူးသင်တန်းသား ဗီဇာမှာ အမှတ် 1 , အမှတ် 2 ဟူ၍သတ်မှတ်ထားပါသည်။ အထူးသင်တန်းသားဗီဇာ အမှတ် 1 သည် 5နှစ်တာ အလုပ်နှင့် နေထိုင်ခွင့်ရှိသည်။အထူးသင်တန်းသားဗီဇာ အမှတ် 2 သည် ဂျပန်နိုင်ငံသို့ မိသားစုကိုခေါ်ဆောင်ခွင့် ၊ အလုပ်နှင့် ရာသက်တိုင် နေထိုင်ခွင့်လျောက်ထား ခွင့်ရှိပါသည်။


အထူးသင်တန်းသား ဗီဇာဖြင့် သွားရောက်လုပ်ကိုင်နိုင်ရန် နည်းလမ်း 2မျိုးရှိပါသည်။

1. မြန်မာနိုင်ငံ ၌ကျင်းပသော ဂျပန်စာ အရည်ချင်း (JLPT , JFT -Basic ) level 5အနည်းဆုံး အောင်မြင်ထားရမည်။ သက်ကြီးရွယ်အိုလုပ်ငန်းသည် level 4အောင်မြင်ထားရမည်။ ထိုပြင် မြန်မာနိုင်ငံ၌ကျင်းပသော လုပ်ငန်းအမျိုးစားအလိုက် ကျွမ်းကျင်လုပ်သားအရည်ချင်းစစ် စာမေးပွဲ အောင်မြင်ရမည်။ ဤအောင်လက်မှတ် 2မျိုးရှိပါက အထူးသင်တန်းသား ဗီဇာ အမှတ် 1ဖြင့်သွား၍အလုပ်လုပ်နိုင်ပါသည်။ ဤအောင်လက်မှတ် 2မျိုးရှိပါက အထူးသင်တန်းသား ဗီဇာ အမှတ် 1ဖြင့်သွား၍အလုပ်လုပ်နိုင်ပါသည်။

2. နိုင်ငံခြားသား အလုပ်သင် သင်တန်းသားဗီဇာဖြင့် ဂျပန်နိုင်ငံတွင် အနည်းဆုံး3နှစ်တာလုပ်ကိုင်ပြီး ဂျပန်၌ကျင်းပသောထိုအလုပ်နှင့်ပတ်သတ်သော ကျွမ်းကျင် လုပ်သားစာမေးပွဲ level 3အောင်မြင်ထားသူသည်ထပ်မံ၍ အထူးသင်တန်းသား ဗီဇာ အမှတ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်နိုင်ပါသည်။ ( မှတ်ချက် : 3နှစ် အလုပ်လုပ်ကိုင်ပြီး စာမေးပွဲအောင်လက်မှတ် မရှိသူများ လည်းဆက်သွယ်စုံစမ်းနိုင်ပါသည်။)


Work Visa

ဂျပန်နိုင်ငံသို့Work Visa အနေဖြင့်သွားနိုင်ရန် ပညာအရည်ချင်း အဓိကပြည့်စုံရပါမည်။ မိမိတက်မြောက်ထားသော ဘွဲ့ရထားသည့်ဘာသာရပ်နှင့် ဂျပန်လုပ်ငန်းရှင်မှ အလုပ်ခေါ်ယူမူရှိပါက Work Visa ဖြင့်လျောက်ထားနိုင်ပါသည်။ ထို့အပြင် ဂျပန်ဘာသာအရည်ချင်း လည်းလိုအပ်ပါသည်။ (မှတ်ချက် အချို့သောIT နည်းပညာပိုင်းဆိုင်ရာ အလုပ်သည် Work Visa ဖြင့်ခေါ်ယူရာတွင် ဂျပန်စာအရည်ချင်းမလိုပဲ English ဘာသာတက်မြောက်ရုံနှင့်လျင် ဝင်ရောက် လျောက်ထားနိုင်ပါသည်။)


Work Visa ၏အားသာချက်

Work Visa ၏အားသာချက်မှာ အလုပ်လုပ်ကိုင်နိုင်သည့်သက်တန်းသက်မှတ်ချက်မရှိခြင်း၊ မိသားစုများ ဂျပန်နိုင်ငံသို့ခေါ်၍အတူနေထိုင်ခွင့်ရှိခြင်း၊ အလုပ်လစာအပြင် Bonus များရရှိခြင်း၊ ဂျပန်နိုင်ငံသားအတိုင်း ခံစားခွင့်များ ရရှိခြင်း၊ 5နှစ်အထက်နေထိုင်ပြီးပါက ရာသက်ပန် နေထိုင်ခွင့် လျောက်ထားနိုင်ခြင်းများ ရှိပါသည်။