ဂျပန်အစိုးရသည် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်ခများကို အနောက်နိုင်ငံများ၏ နှုန်းထားနှင့်အညီ လာမည့်ဘဏ္ဍာနှစ်မှစတင်၍ တိုးမြှင့်ရန်စီစဥ်
ဂျပန်အစိုးရသည် နိုင်ငံခြားသားမျး၏ နေထိုင်ခွင့်ဆိုင်ရာ လျှောက်ထားမှုဝန်ဆောင်ခများကို
ဥရောပနှင့် အမေရိကန်နိုင်ငံများ၏ နှုန်းထားများနှင့်အညီ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း
တိုးမြှင့်ရန် မူဝါဒချမှတ်လိုက်ပြီ ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်
ဒုက္ခသည်များဆိုင်ရာ ဥပဒေပြင်ဆင်ရေးမူကြမ်းကို လာမည့်နှစ်လွှတ်တော် အစည်းအဝေးတွင်
တင်သွင်းရန် စီစဥ်နေပါသည်။ တိုးမြှင့်ကောက်ခံခြင်းမှ ရရှိလာမည့် ဘဏ္ဍာငွေများကို လျင်မြန်စွာ
တိုးပွားလာသော နိုင်ငံခြားသားများအတွက် နေထိုင်မှုပတ်ဝန်းကျင် ကောင်းမွန်အောင် ပြုပြင်ခြင်း
နှင့် တရားမဝင်နေထိုင်သူများကို ပြည်နှင်ဒဏ်ပေးခြင်းစသည့် ကိစ္စရပ်များတွင် အသုံးပြုသွားမည်
ဖြစ်သည်။
နေထိုင်ခွင့်ဆိုင်ရာ
ဝန်ဆောင်ခများနှင့် ပတ်သက်၍ ကုန်စျေးနှုန်းများနှင့် လုပ်အားခများ မြင့်တက်လာမှုကို
ထည့်သွင်းစဥ်းစားပြီး ယခုနှစ် ဧပြီလမှစတင်ကာ အစိုးရအမိန့်ဖြင့် အများဆုံး ယန်း
၂,၀၀၀ အထိတိုးမြှင့်ခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲခြင်းနှင့်
နေထိုင်ခွင့်သက်တမ်းတိုးခြင်းအတွက် ယန်း ၆,၀၀၀၊ အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထာခြင်းအတွက်
ယန်း ၁၀,၀၀၀ သတ်မှတ်ထားသည်။
ယခုအခါ အစိုးရသည် နေထိုင်ခွင့်အမျိုးအစား ပြောင်းလဲခြင်းနှင့်
၁ နှစ်အထက် သက်တမ်းတိုးခြင်းအတွက် ယန်း ၃ သောင်းမှ ၄ သောင်း ဝန်းကျင်အထိလည်းကောင်း၊
အမြဲတမ်းနေထိုင်ခွင့်အတွက် ယန်း ၁ သိန်းကျော် အထိလည်းကောင်း တိုးမြှင့်ရန် အဓိကထား
စဥ်းစားနေပါသည်။ လက်ရှိ လူဝင်မှုကြီးကြပ်ရေးဥပဒေတွင် အခကြေးငွေကို အများဆုံး ယန်း
၁ သောင်းဟု သတ်မှတ်ထားသဖြင့် ထပ်မံတိုးမြှင့်ရန်အတွက် ဥပဒေပြင်ဆင်ရန် လိုအပ်ပါသည်။
ဤသို့နှုန်းထားတိုးမြှင့်ရန် ဥပဒေပြင်ဆင်ခြင်းသည် ၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်
ဖြစ်လာမည်ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ၏ အဆိုအရ ဂျပန်နိုင်ငံတွင် နေထိုင်သော
နိုင်ငံခြားသားဦးရေသည် ယခုနှစ် ဇွန်လကုန်အထိ ၃.၉၆ သန်းခန့်ရှိပြီး စံချိန်တင် များပြားလာခဲ့သည်။
နှုန်းထားတိုးမြှင့်ခြင်းမှ ရရှိသော ငွေကြေးဖြင့် လူဝင်မှု စစ်ဆေးခြင်းကို မြန်ဆန်အောင်ပြုလုပ်ခြင်း၊
ဂျပန်စာသင်ကြားရေးကို မြှင့်တင်ခြင်းစသည့် လက်ခံရေးဆိုင်ရာ ပတ်ဝန်းကျင်ကို ပြုပြင်သွားရန်
ရည်ရွယ်ထားသည်။
Source – The Yomiuri
Shimbun